大谷光見台下(東本願寺御法主)のお話のミャンマー語訳

第二回オンライン集会の大谷光見台下(東本願寺御法主)のお話のミャンマー語訳です。

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲအတွက် သဝဏ်လွှာ

                                                 မတ်လ 1 ရက် 2022 ခုနှစ်

                                                 

       ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက စတင်ခဲ့တဲ့ မြန်မာ့အရေးစိုးရိမ်ပူပန်မှုတွေအတွက်ပြုလုပ်တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆုတောင်း ညီလာခံသို့ အောက်ပါ သဝဏ်လွှာကို ပေးပို့လိုက်ပါတယ်။

ကျွန်တော့်နာမည်ကအို တာနီကိုးကန်ဖြစ်ပါတယ်။ဂျိုးဒိုးရှင်းရှူးသို့မဟုတ်Shin Buddhismလို့ခေါ်တဲ့Pure Landကျောင်းကိုတည်ထောင်သူShinranShoninရဲ့ မျိုးနွယ်ဝင်ဖြစ်ပြီး၊ဟိဂရှိဟွန်ဂန်ဂျီးကျောင်းရဲ့အုပ်ချုပ်သူဘုန်းတော်ကြီးဖြစ်ပါတယ်။

ဗုဒ္ဓဘာသာသည်ယေဘူယျအားဖြင့်မြတ်စွာဘုရား၏ကျေးဇူးတော်ကိုသိတတ်ခြင်းကိုအလေးထားပြီး၊ဆုတောင်းခြင်းအလေ့အထကိုများစွာပြောလေ့မရှိပါ။  ဤသို့ဖြစ်ရခြင်းမှာ အမိဒါဟုခေါ်သော ဗုဒ္ဓသည်၊ ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာ ဗုဒ္ဓမြတ်စွာဖြစ်ပြီး ၊သက်ရှိအားလုံးကို ဖြစ်နိုင်သမျှ ပေးကမ်းခြင်းဟု ကျွန်ုပ်တို့ ယုံကြည်သောကြောင့် ဖြစ်နိုင်ပါသည်။  သို့သော် ရှင်းဗုဒ္ဓဘာသာကို တည်ထောင်သူ Shinran Shonin က သူ၏ နောက်လိုက်များအား ကမ္ဘာကြီး ငြိမ်းချမ်းစေရန်နှင့် ဗုဒ္ဓတရား ပြန့်ပွားရေး အတွက် ၊ဆုတောင်းသင့်ကြောင်း လေးနက်စွာ ပြောကြားခဲ့ပါသည်။ဆုတောင်းခြင်းဟူသော စကားလုံးကို အပြုသဘောဆောင်သော အဓိပ္ပာယ်ဖြင့် သုံးပါသည်။ဤအခြေအနေတွင် Shinran Shonin ၏ဆိုလိုသောအဓိပ္ပါယ်မှာ ကျွန်ုပ်တို့၏ကိုယ်ပိုင်အကျိုး သို့မဟုတ် အကျိုးစီးပွါးသက်သက်အတွက် Amida Buddha ထံ ဆုတောင်းသင့်သည်မဟုတ်ပေ၊ ကမ္ဘာငြိမ်းချမ်းရေးအတွက် စေတနာရှိရှိ ဆုတောင်းပေးကြပါရန် တိုက်တွန်းခဲ့ပါသည်။

ရှေးအခါက၊မိမိ၏ဇာတိမြေကိုကောသလမင်းကြီးမှတိုက်ခိုက်ခြင်းခံရတော့မည့်အချိန်၌ မြတ်စွာဘုရားသည်၊ကောသလတပ်ဦးတည်ချီတက်လာသောလမ်းပေါ်တွင်ကမ္မဋ္ဌာန်းထိုင်၍စောင့်တော်မူကာ၊ကောသလမင်းအားဆွေမျိုးတို့ပေးသောအရိပ်သည်အလွန်အေးမြ၏ဟုမိန့်ကြားတော်မူခဲ့ပါသည်။မင်းကြီးသည်၊မြတ်စွာဘုရား၏တရားတော်ကိုနာယူပြီးနောက်၊တပည့်သာဝကဖြစ်လာပြီး၊မြတ်စွာဘုရား၏ဇာတိမြေကိုတိုက်ခိုက်ခြင်းမပြုတော့ပဲ၊ထွက်ခွါသွားခဲ့ပါသည်။ကောသလမင်းကြီးတွင်လည်း၊ချစ်ခင်အပ်သော၊မွေးရပ်မြေနှင့်ဆွေမျိုးနွယ်များရှိပြီးထိုသို့တိုက်ခိုက်နှိပ်စက်ခြင်းခံရ

သည့်အခါ၊ထပ်တူခံစားရမည်ကို၊မြတ်စွာဘုရားမှသင်ပြပေးခဲ့ခြင်းဖြစ်ပါတယ်။

ဗုဒ္ဓဘာသာသည်၊၊စိတ်ကြောင့်ပင်လျင်ရုပ်ဝတ္ထုတွင်အကျိုးသက်ရောက်မှုရှိကြောင်းကိုလေးနက်စွာယုံကြည်မှုရှိကြပါတယ်။

ဒါကြောင့်အရင်လကဆုတောင်းပွဲမှာ၊မစ္စမီယာရှီတာစံပြောကြားခဲ့တဲ့၊၁၉၈၉ခုနှစ်တွင်ဘာလင်တံတိုင်းပြိုလဲသွားစေရန်၊လူအများကဆုတောင်းခြင်းဟာ၊အောင်မြင်မှုသို့ဦးတည်သွားနိုင်ကြောင်းသက်သေဖြစ်ပါတယ်။

   မြန်မာနိုင်ငံအတွက်၊ငြိမ်းချမ်းရေးဆုတောင်းမှုများပိုမိုပြုလုပ်လာခြင်းဖြင့်၊ကမ္ဘာပေါ်တွင်ထင်ရှားလာမည့်အရေးကြီးသော

လှုပ်ရှားမှုတစ်ခုဖြစ်လာမည်ဖြစ်ပါတယ်။ ဘာသာတရားမခွဲခြားပဲ၊လွတ်လပ်စွာကိုးကွယ်နိုင်ပြီး၊မြန်မာပြည်သူပြည်သားအားလုံး ငြိမ်းချမ်းနိုင်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုပါတယ်။ 

   မြန်မာပြည်သူပြည်သားများငြိမ်းချမ်းပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါသည်။  ငြိမ်းချမ်းသော စိတ်ထားဖြင့် လွတ်လပ်မှုနှင့် ပျော်ရွှင်မှုကို ရရှိရန်  အလွန်အရေးကြီးသည်ဟု ထင်ပါတယ်။  အပြန်အလှန်နားလည်မှုလွဲမှားခြင်း၊ ဒေါသနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းစသည့် ပြဿနာမျိုးစုံကို စိတ်အေးချမ်းသာစွာဖြင့် ဖြေရှင်းနိုင်ပြီး ကမ္ဘာတစ်ခုလုံးကို ဝန်းရံထားသော ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံတွင် ထွန်းလင်းပါစေသတည်း။